-->

မီနူး

ဘုရားရှစ်ခိုးနည်း

Sunday 29 April 2012.
ကျွန်တော် အမြဲ ဘုရား ရှိခိုးတဲ့ နည်းလေးပါ။လူတိုင်းကို ဒီနည်းအတိုင်း ဘုရားရှိခိုး စေချင်လို့ပါ။ ကျွန်တော် ရဟန်းခံစဉ်က မဟာစည် ဆရာတော်ဘရားကြီး သင်ကြား ပေးလိုက်တာပါ။ ဆရာတော် ဘုရားရဲ့ ဘွဲ့ကို ကျွန်တော် မရေးတတ်လို့ပါ။ ဆရာတော်ဘုရားကြီးက ကျွန်တော်ကို ဒကာ ဘုရားရှိခိုးတာ အချက် (၅)ချက် ပြည့်အောင် ကန်တော့ရဲ့လား။ တပည့်တော်က ထိချင်း (၅)ပါးပဲ သိပါတယ် ဘုရား။ အေး ဒကာ သိအောင်ပြောပြ မယ်။ (၁) ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တို့ကို အရင် ကန်တော့ပါ။ (၂) အပါယ် ဖျက် ရတယ်။ ဒီအချက်က လူတိုင်း မသိကြ ဘူး။ အပါယ် ဖျက်တာ လွယ်ပါတယ်။လူတိုင်း မဖျက် တတ်ကြလို့ပါ။ ဘယ်လို့ ဖျက်ရမလည် ဆိုတော့ (ယခုဘဝ) ဘဝ အဆက်ဆက်က တော်စပ်ခဲ့ ကျသော မိဘ ဘိုး ဖွားများ ၊ ဆရာသမားများ ၊ မပြစ်မှား အပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှား မိသည်ရှိသော် ရှိခိုး ဝန်ချတောင်းပန် ပါ၏။ ဒီလို့ တောင်းပန်ရင် ဒကာတို့ လောလောဆယ် ဒကာမှာ ပိတ်နေတဲ့ လာဘ် တွေ ပွင့်မယ်။ ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ ပဲ ဖြစ်ဖြစ် အစိမ်း မသေ တော့ဘူး။ တောင်းပန်ရင် ဘာကြောင့် ကျေလည်း ဆိုတော့ ဒီအကြောင့်ကို ဒကာတို့ နာလည်အောင် ပြောရရင် ကျော် ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့ ဒေါင်းယောင်ဆောင်သော ကျီး ကားမှာ လို့ပေါ့ ရဟန္တာကို ပြစ်မှားလို့ ယောကျာင်္းက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောကျာင်္း ပြန်ဖြစ်တယ်။ ဒီမှာ ပြောချင်တာက ယောကျာင်္း ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှား မိတာပါ။ ဒါကြောင့် ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှား မိတာကို တောင်းပန်ရပါမယ်။ (၃) မိမိကိုယ်ကို မေတ္တာပို့ ပါ။ ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရား အလုပ်လုပ်နိုင်မယ်။တရား အလုပ်လုပ် နိုင်မယ်။ အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။ (၄) ဒကာ တို့လုပ်နေကျ အတိုင်း ပုတီးစိပ်၊ဘုရားစာရွတ်၊ မေတ္တာပွား ပေါ့။ (၅)သစ္စာဆို အမျှဝေ ပါ။ ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို သစ္စာဆို အမျှဝေ ရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလိုရပါတယ်။ ဥပမာ...ဘုရားပန်း လှူတာ ဖြစ်ဖြစ် တရိစ္ဆာန်တွေကို အစားကျွေးတာပဲ ဖြစ်ဖြစ် တစ်ခြား အလှူတွေလည် သစ္စာဆို အမျှဝေလို့ ရပါတယ်။ ဘယ်လို့ သစ္စာဆို အမျှဝေရ မလဲ ဆိုတော့။ ဥပမာ....ကျွန်တော် ဘုရားပန်းတင်လှူပါတယ်။ ဤဘုရားပန်း တင် လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါ။ ဤ သစ္စာ စကား မှန်ကန်ပါက ရတယ် ကုသိုလ်ကို လေနတ်မင်း ၊ ရေနတ်မင်း ၊ မြေစောင့်နတ်မင်း နှင့် တကွ လူနတ်ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး အမျှပေးပါတယ်။ ဒကာတို့ ပေးတဲ့ အမျှကို လူနတ်ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။ ဒကာတို့ ပို့တဲ့ အမျှက သူတို့ အတွက် တန်းဖိုးကြီးပါတယ်။ ဒကာတို့ ဘာအခက်ခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။ ဒကာတို့ ပို့တဲ့ အမျှက သူတို့ အတွက် ၁၀၀တန်းရင် ဒကာတို့ကို ကူညီတာက သူတို့ အတွက်က ၁၀တန်းလောက်ပဲ ရှိတာပါ။ ဒကာတို့ အခက်ခဲကို သူတို့က ကူညီမှာပါ။ ဒကာတို့ ဘုရားရှိခိုးတာကို ဒီအချက် (၅)ချက်နဲ့ ကန်တော့ပါ။ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပြီး။ မဟာစည်ဆရာတော်ဘုရားကြီးက ကျွန်တော်ငယ်စဉ်က သင်းပေးခဲ့တဲ့ ဘုရားရှိခိုး နည်းလေးပါ။ အားလုံးလည် ဒီအတိုင်း ကန်တော့စေချင်တယ်။ ဒါကြောင့် မျှဝေလိုက်တာပါ။ အားလုံးလည် ကျန်းမာ၊ ချမ်းသာပြီး လိုရာဆန္ဒပြည့်ကြ ပါစေ။ ကျန်းမာချမ်းသာကြပါစေ

Comentários:

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |