-->

မီနူး

ရင်ခုန်သံတွေထုံမွှန်းထားတဲ့ရွှေသီတင်းကျွတ်ညလေး

Sunday 29 April 2012.
၂၀၀၄ခုနှစ်က အဖြင့်ပျက်လေး တစ်ခုပါ..
ရင်ခုန်သံတွေထုံမွှန်းထားတဲ့ရွှေသီတင်းကျွတ်ညလေးဆိုတဲ့
ခေါင်းစဉ်ကိုတွေလိုက်တော့ကျွန်တော်ရဲ့အဖြစ်လေးနဲတိုက်ဆိုင်လို့
တင်ပေးလိုက်ပါတယ်......

၂၀၀၄ခုနှစ်သီတင်းကျွတ်လပြည်ဖို့ တရက်အလိုမှာ..ဖြစ်ခဲ့တဲ့ အဖြစ်ပျက်လေးတစ်ခုပါ...
ထွန်းထွန်းဆိုတဲကောင်လေးတစ်ယောက်နဲ့သွယ်သွယ်လွင်ဆိုတဲ့ကောင်မလေး တို့ချစ်သူနှစ်ဦးဟာသိပ်ကိုချစ်ကျတဲ့ချစ်သူနှစ်ဦးပေါ့ 
သူတိုနှစ်ယောက်ဟာအသက်ကလဲရွယ်တူကောင်မလေးကနှစ်လသုံးလလောက်ကြီးတယ် ..ကောင်လေးကဒီဇင်ဘာ၂၄ရက်၁၉၈၄
ကောင်မလေးက..နိုဝင်ဘာ၂၀ရက်၁၉၈၄ သူတိုနှစ်ဦးဟာဘယ်လောက်ကိုချစ်ကြလည်းဆိုရင်တယောက်နဲတယောက်မျက်စိအောက်
ကကိုအပျောက်မခံကြဘူး။အပြင်သွားလည်းနှစ်ယောက်အတူတူ။တယောက်က အစားကောင်းစားရင်လည်းကျန်တစ်ယောက်အတွက်
ပါယူသွားတတ်ပါတယ်။ပတ်ဝန်းကျင်ကဘာတွေပြောပြောသူတိုကဂရုမစိုက်ကြဘူး။

သူတိုနှစ်ယောက်ဟာ၂၀၀၄ခုနှစ်သီတင်းကျွတ်လပြည့် နေ့မှာ ဘ၀တစ်ခုကို တူတူ တည်ဆောက်ဖို့ အတွက်
ရင်ခုန်သံကိုယ်ဆီနဲ့ဆုဘူးတလုံးလုပ်ထားကြတယ်။ဘယ်လောက်စဆုဆု ဘယ်၍ဆုတယ်တော့ မရှိပါဘူး။ကြုံသလို ဆုကြတာပါ။
အဲဒိစုဘူးလေးကိုလည်းဘ၀အတွက်စာမျက်နှာလိုနာမည်ပေးထားကြတယ်အဲဒိစုဘူးလေးကိုကောင်လေးရဲ့
အိမ်မှာလည်းမထားဘူး။
ကောင်မလေးရဲ့အိမ်မှာလည်းမထားဘူး။ကောင်လေးရဲ့ဆရာ(ကန်အံထန်)ဆိုတဲချင်းအမျိုးသားကြီးဆီမှာထားကြတယ်...
ချင်းအမျိုးသားကြီးကလည်းလူပျိုကြီးပေါ့။သူတို့ လေးတွေတစ်ဦးပေါ်တစ်ဦး ချစ်ကြတာကြင်နာတာ၊ယုယတာတွေကြည့်ပြီး
ကြည်နူးနေခဲတာပေါ့ ။ဒါကြောင့် သူကလဲသူရှိတဲ့ ပိုက်ဆံလေးတွေကို ဒီကလေးနှစ်ယောက်ရဲ့ ဆုဘူးထဲကူထည့်ပေးရှာတယ်။
တဖြည်းဖြည်းနဲ့သီတင်းကျွတ်လပြည့်ကလဲနီလာပြီးလေ။ အဲဒီအချိန်မှာကောင်မလေးက
*မောင့် ရယ် မ..တို့ ယူပြီးသွား ရင်အိမ်သတ်သတ်ရပ်ရပ်လေးတလုံးဆောက် ပြီးတော့ မက အိမ်မှာကုန်စုံဆိုင်လေးတဆိုင်ဖွင်ထားမယ်*
မောင်ကမောင်ဝါသနာပါတဲ့အားကစားကိုထူချွန်ထက်မြတ်အောင်လုပ် မ..ကနောက်ကနေအားပေးနေမယ်နော်.*
*.ဟာ...မ..ကလဲ..မောင့် က မနဲယူပြီးသွားရင် ဒီအလုပ်ကိုမလုပ်တောဘူးမ...အပြင်အလုပ်လုပ်ပြီး မကို..မတောင်းမတထားနိုင်အောင်
ပိုက်ဆံရှာရမှာပေါ့  မရယ်......*
*ဟိုတနေ့က မောင်ဆီကိုလာသေးတယ်။ပိုက်ဆံလာဆု တာလေ မောင်ဆရာကပြောတာ မောင် ကန့် ဝင်နေတယ်လိုပြောတယ်ဒါ
ကြောင့် မောင်ရှိနေတဲ့နေရာမလားတော့တာ မောင် ဆရာကပြောတယ် မောင် နေ့ တိုင်းပိုက်ဆံစဆုတယ်လိုပြောတယ်..
မောင်နေ့ တိုင်းပိုက်ဆံမစဆုပါနဲ့နော် မ တာဝန်ထားလိုက်ပါပိုက်ဆံဆုတာကို မောင်အိပ်ကက်ထဲမှာတစ်ထာင်ငါးရာတော့
အမြဲထဲထားပါနော် မ ကမိန်းကလေးဆိုတောပိုက်ဆံဒီလောက်မလိုဘူးကွာသိလား.....
မောင်သူငယ်ချင်းတွေနဲ့အပြင်သွားစရာရှိရင် မောင် ပိုက်ဆံမပါလိုမျက်နှာငယ်ရမှာကို မ..မလိုလားဘူး..မောင်...*
*ဒီလိုနဲ့ပဲ...သီတင်းကျွတ်လပြည့် ဖို(၁)ရက်အလိုမှာပေါ့...ကောင်လေးဆီ ကို ကောင်မလေးကဖုန်းဆက်တယ်။
မောင်..မ...လှိုင်သာယာ သွားမလို့ ။ ညနေကျရင် မောင်ကိုမ လာကြိုမယ်စောင့်နေနော်။*
*မ..ညနေကျမှ မောင်နဲ့အတူတူသွားမယ်လေ။ မရဘူး မောင် ရဲ့ ပိုက်ဆံကိစ္စမို့ လိုအမေခိုင်တာအရေးကြီးတယ်။
အခုသွားမှရမှာ အင်းအင်းဒါဆိုလဲသွားလေမြန်မြန်တောပြန်လာခဲ့နော်။ မောင် စောင့်နေမှာ။*
*အင်းပါ မောင်ရဲ.....*
ဒီလိုနဲ့သူဆက်ပြီးလို့ နှစ်နာရီလောက်ကြာတော့
*ထွန်းထွန်းဖုန်းလာတယ်...ဟုတ်လာပါပြီး....*
*ဘယ်သူလဲမသိဘူး..ထွန်းထွန်းလား*
.*..ဗျာဟုတ်ကဲ့ပြောပါ*
ငိုလိုပေါ့ *သားမြန်မြန်လိုက်သွားချဉ် မသွယ်တံတာဖြူမှာကားမှောက်လို့*
ဗျာ.....စကားတောင်းမဆုံးသေးဘူးလေ့ကျင်ရေးရေးဝတ်စုံကိုတောင် မလဲတော့ဘဲ တွေ့တဲ့တက္ကဆီကားကို ငှားပြီးလိုက်သွားလိုက်တာ
တက်စီးကားသမားကိုတောင်ပိုက်ဆံမပေးဘဲ အတင်းဘဲ ကားမှောက်တဲရှိကိုပြေးတာ။ဟိုရောက်တော့ကားဒိုင်နာဆိုတောသူထိုင်တဲ့
ဘက်ကမှောက်တော့နောက်စေ့ပွင်ထွက်သွားပြီးအသက်လုံဝမရှိတောဘူး ကျွန်တော်လည်းအသက်မရှိတောတဲသူရဲခန္ဒာကိုယ်ကိုပိုက်ပြီး
အဲနားမှာသတိလွတ်သွားလဲခဲ့တယ်နောက်ကလိုက်လာတဲ့သူမိဘတွေနဲကျွန်တော်မိဘတွေကကျွန်တော်တို့ နှစ်ယောက်ကို
ဆေးရုံပို့ခဲကြတယ်...ကျွန်တော်သတိရလိုခေါ်လိုက်တာ..မ...ကိုပါ..ကျွန်တော်လည်းစိတ်ဓာတ်တွေကြပြီး....
http://api.ning.com/files/oQsX*UbYHi5zptqvU5pQt8RWtxjzM5nkHAI7sXwZ-*r1E-8V3lPlInNcdxLIf1xID2pbswYTwj9kwpUC6A3NFtrmoOHWUx0b/free_922269.jpg
လူကိုပိန်ခြုံကျသွာတာပေါဆေးရုံကကျွန်တော်ကိုဆင်းခွင်မပေးဘူးဆေးရုံမှာ(၃)ရက်လောာက်ကြာသွားတယ်။
(၄)ရက်နေမျာပဲဆေးရုံကဆင်းရတော...မ ကမြေချပြီးသွားပြီးလေ ဟိုလည်းရောက်ကောသူမိဘတွေကကျွန်တော်ကိုတွေတော့
ငိုကြတာပေါ့။ ဒီအချိန်မှာဆရာကလာပြီးတော့....ကဲကဲတော်ကြတော့ နင်တို့ မငိုကြနဲတော့ သေတဲ့သူကလဲသေပြီးသွားပြီး
ကျံနေတဲအသက်တစ်ချောင်းကိုပါထပ်ပြီးသေစေခြင်ကြလိုလား..ရော့..ဒါနင်တိုတွေမသိအောင်သူတို့ နှစ်ယောက်
ဆုထားမင်္ဂလာဆောင်ဖို့ ပိုက်ဆံဆိုပြီး...ဆုဘူးကိုပြစ်ချပေးလိုက်တယ်။အဲဒီအချိန်မှာ ဆုဘူးကိုကြည့်ပြီး ဘာဖြစ်လို့ဖြစ်သွား
မှန်းတောင်မသိတော့ပါဘူး။ ဆုဘူးလေးကိုဆရာကိုယ်တိုင်ပဲဖောက်ပြီးအားလုံးရဲ့ရှေ့မှာရေလိုက်တော့(၁သိန်း၃သောင်း)ရှိ
တယ်။ထွန်းထွန်းမင်းဒီပိုက်ဆံကိုဘာလုပ်ချင်လည်း။ဒီပိုက်ဆံတွေက မရဲ့ ပိုက်ဆံတွေပါ။ဒီတော့ မအတွက်ပဲဖြစ်ရမှာပေါ့
မြေချတုန်ကကုန်တဲ့ ပိုက်ဆံကိုမေးပြီးပြန်ပေးလိုက်ပါ။ကျန်တဲ့ပိုက်ဆံကိုရက်လည်းတဲအတွက်သုးံပါ ။
ဘယ်သူဆီကမှပိုက်ဆံမလိုခြင်းဘူး။
အဲလိုပြောပြီး မြေချပြီးအိမ်ကိုပြန်ခေါ်လာတဲ့ သူကိုယ်ပွားနှင်းဆီပန်းနားနေပြီး အရူးတစ်ယောက်လိုဖြစ်သွားခဲတယ်..။
အားလုံးပြီးတော့သူမိဘတွေကကူငွေရတဲ့ပိုက်ဆံတွေပါအားလုံးကိုရှင်းလင်းပြီးကျန်တာတွေအားလုံးကိုကျွန်တော်ကိုပေးပါတယ်။
ကျွန်တော်လည်း မရဲ့ နာမည်နဲ အားလုံးကိုလှူပြီးမှာသတိထပ်လွစ်သွားလို့ ဆးရုံကိုပြန်သွားခဲရတယ်....။
ကျွန်တော်အတွက်ကတော့ ရင်ခုန်သံတွေထုံမွှန်းထားပြီးကြေကွဲစရာတွေ လွှမ်းခြုံးထားတဲ့ ရွှေသီတင်းကျွတ်ညလေးတစ်ညပေါ့...
မရေ....အားလုံးက မနေ့တစ်နေ့ ကလိုပါဘဲဗျာ...မ...မောင် ဒီစာကိုရေးနေတဲ့ အချိန်မှာ မောင်ရဲ့မျက်ဝန်းတွေဟာ မျက်ရည်စ
တွေနဲပြည်လျှံနေတာကို
....မ တစ်ယောက်တွေ့မြင်နေမှာပါနော်.....ရောက်ရာအရပ်ကသာဓုခေါ်ပေးပါနော် အမျှပေးပါတယ်...
မရေ.....အမျှ......အမျှ......မျှ.....ပါ......

(မှတ်ချက်)ထွန်းထွန်း(ခေါ်)ခင်မောင်ထွန်း

ရွှေမြန်မာဥယျာဉ်ပြိုင်ပွဲဝင်ရွှေဝတ္တုတို...ခင်မောင်ထွန်း

Comentários:

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |