အဝတ်လဲခန်းနဲ့ အခန်းများတွင် လျှို့ ဝှက်ကင်မရာရှိမရှိ သိနိုင်ရန်
အဝတ်လဲခန်းနှင့် အခန်းများတွင် လျှို့ ဝှက်ကင်မရာရှိမရှိ သိနိုင်ရန်
အဝတ်လဲခန်းတွေမှာ ကင်မရာ တတ်ထား မထားကို ဘယ်လိုသိနိုင်တယ် ဆိုတာကတော့ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါ တယ်။
၁။ ရှော့ပင်းစင်တာ၊အဝတ်အထည်ဆိုင်တွေက အဝတ်လှဲခန်းထဲ ဝင်လိုက်ပြီး အဝတ်မလဲခင် ပထမဆုံး ဖုန်းခေါ်ဆိုမှု ပြုလုပ်ကြည့်ရပါမယ်။ ဖုန်းခေါ်လို့ မရဘူးဆိုရင် အထဲမှာ ကင်မရာ ရှိဖို့ ကြိမ်းသေနေပါတယ်။ အပြင်မှာက တည်း က ဖုန်းခေါ်လို့ရတာကို comfrim လုပ်စမ်းသပ်ပြီး ဝင်ရင် ပိုပြီး သေ ချာပါတယ်။ ဖုန်းခေါ်လို့ မရတဲ့အကြောင်းက ဖုန်းရဲ့  signal လိုင်းကို ကင်မရာက ဖိုက်ဘာကေဘယ်လိုင်းက တားဆီးနှောင့်ယှက်နေလို့ ဖြစ်ပါတယ်။
၂။ကင်မရာတင်မဟုတ်တော့ပဲ အသုံးပြုတဲ့မှန်ကိုလည်း တစ်ခါတည်း စစ်တာ ကောင်းပါတယ်။ လက်သည်းနဲ့ထောက်ပြီး လက်သည်းရဲ့ အကွာ အဝေးကို ကြည့်ရှုရပါမယ်။ လက်သည်းထိပ်က ထိမနေပဲ ကြားမှ အထူတစ်ခုခံနေရင် ဒါ ပုံမှန် မှန်တစ်ချက်ပဲ ဖြစ်ပါတယ်။ ပြဒါးကို တစ်ဖက်က သုပ်ထာလို့ ဖြစ်ပါတယ်။ အဲလို မဟုတ်ပဲ လက်သည်းချင်း ထိနေ ရင်တော့ ပြဒါး သုတ်ထားတဲ့ ဘက်က ကိုယ်ဖြစ်နေပြီး ကိုယ်ပြုလုပ် သမျှကို တစ်ဖက်က မြင်နေရပါတယ်။ ဒီလို ထိုးဖောက်မြင် မှန်မျိုးကို ထောက် လှမ်းရေးတို့၊ ရဲစခန်းတို့မှာ တရားခံစစ်ဆေးခန်းမှာ အသုံးပြုပါတယ်။ ဒါကြောင့် ရှော့ပင်းစင်တာများမှာ အသုံးပြုလေ့ မရှိပေမယ့် ပိုသေချာအောင် မိမိဘက်က ပြီးပြည့်စုံနေဖို့ လိုအပ်ပါတယ်။
အထက်ဖော်ပြပါ အချက် ၁ က အဝတ်လှဲအခန်းတွင်းက ကင်မရာ ရှိမရှိကို စမ်းသပ်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ် အခန်းကျယ်ကြီးထဲမှာ ကင်မရာ တပ်မတပ်ကျတော့ အထက်ပါ နည်းလမ်းက အဆင်မပြေတော့ ပါဘူး။ ဒီတော့ နည်းပညာ အကူအညီ အသုံးပြုရန် လိုအပ်လာပါတယ်။ ဒီခေတ် မှာ တော်တော်များများ ဖုန်းကိုင် နိုင်ကြပါပြီ။ ဈေးသက်သက် ဖုန်းများ တစ်ဆင့်ပြီး တစ်ဆင့် ရောင်းချနေတဲ့အတွက် လူတန်းစေ့ ဖုန်းကိုင်နိုင်ဖို့ သိပ်မဝေးတော့ပါဘူး။ ဒီတော့ လက်ရှိဖုန်းကိုင်တဲ့သူတွေရော နောက်မှ ကိုင်မယ့်သူတွေအတွက်ကော အကျိုးရှိ စေဖို့ ဖြစ်ပါတယ်။
အောက်ပါလခ့်များမှာ Application များကို ဒေါင်းလုခ်ဆွဲ Install လုပ်နိုင် ပါတယ်။ အခမဲ့ App များ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်ချက်က အခန်း တွင် ကင်မရာ ရှိမရှိ Detect လုပ်ပေးမှာ ဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်း က ယင်း App များကလည်း Signal ထုတ်လွတ်ပေးပါမယ်။ အခန်းတွင် ကင်မရာရှိရင် သူက အချက်ပြပေးမှာ ဖြစ်ပါတယ်။ App အများကြီးထဲ က နှစ်သက်ရာ ရွေးနိုင်ပါတယ်။ အများစုက ငါးပေ၊ ခြောက်ပေ ဝန်းကျင်လောက်ကိုပဲ Detect လုပ်ပေးတယ်လို့ သိရပါတယ်။ ဒါကြောင့် ပိုပြီးစိတ်ချရအောင် အခန်းတွေထဲ ရောက်တိုင်း ကင်မရာ ထားနိုင်ချေ ထောင့်စွန်းတွေကို ဖုန်း နဲ့ Detect လုပ်စေဖို့ ဖြစ်ပါတယ်။
iPhone အသုံးပြုသူများအတွက် - http://softwaretopic.informer.com/iphone-hidden-camera-detector-app/
Android ဖုန်း အသုံးပြုသူများအတွက် - http://www.androidzoom.com/android_applications/hidden+camera+detector
Windows ဖုန်း အသုံးပြုသူများအတွက် -http://www.fileguru.com/apps/hidden_camera_detector_mobile
ဒါတောင် သိပ်မသေချာပါဘူး။ Signal ဖမ်းလို့မရတဲ့ ကင်မရာမျိုးတော့ ဒီခေတ်ကြီးထဲမှာ မတီထွင်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ သို့တည်း မဟုတ်လည်း ဖုန်းက App တွေကောင်းကောင်း အလုပ် လုပ်မလုပ် မသိနိုင် ပါဘူး။ သို့တည်းမဟုတ် ဖုန်းလည်းမရှိဘူး။ ရှိတဲ့ ဖုန်းကလည်း ဒီဂျစ်တယ် ဖုန်းအဆင့်ပဲဆိုရင်တော့ ကိုယ့်အားကိုယ် ကိုးရတော့မှာ ဖြစ် ပါတယ်။ ဒီတော့ ကင်မရာ ရှိနိုင်ချေ နေရာများကို သိရှိရန် လိုအပ် လာပါ တယ်။
အခန်းထောင့်၊ ပန်းအိုး၊ မျက်နှာကြပ်၊ စာကြည့်မီး၊ နံရံအတွင်း၊ ပန်းချီကား တွင်း၊ အဲယားကွန်း၊ စားပွဲခုံ အောက် စတဲ့နေရာတွေက အများစုထားနိုင်ပြီး သတိမထားမိ ပါဘူးဆိုတဲ့ နေရာတွေကို ပိုပြီးထားပါတယ်။ ရေချိုးခန်း မှာဆို ရင် ရေပန်း၊ ဘုံဘိုင် ရေပိုက်ခေါင်း ဘေဇင် အောက်တို့မှာ ထားတတ် ပါတယ်။ အိမ်သာကတော့ ကြွေခွက်အောက်တို့မှာ ကပ်ထားတာမျိုးတို့ ထိအောင် ဆိုးဆိုးရွားရွား လုပ်တတ်ကြပါတယ်။ ဒီတော့ စာဖတ်သူအနေနဲ့ အခန်းတစ်ခုတွင်း ဝင်တဲ့အခါ ခရေစေ့တွင်းကျ လိုက်မကြည့်နိုင်တောင်၊ အချိန်မရရင်တောင် ကြည့်နေကျ တံခါးပေါက်၊ ထိုင်ခုံ၊ စားပွဲခုံ၊ ပန်းချီကား၊ မျက်နှာကျက်တွေထက်၊ ကိုယ် မကြည့်ဖြစ်လောက်ဘူးလို့ စိတ်ထဲက ထင်တဲ့ နေရာမှန်သမျှ လိုက်ကြည့်ဖို့ လိုအပ်လာပါတယ်။
အိုင်တီခေတ်ကြီးထဲမှာ ဘယ်အရာမှ လုံခြုံဖို့ မလွယ်တော့ဘူးလို့ ဆိုကြပါ တယ်။ ဒါကတော့ မိမိမှာ ရှိထားတဲ့ ဗဟုသုတ အပေါ်သာ မူတည်ပါတယ်။ ဘယ်နေရာမှာ ဘယ်တွေဖြစ်နေတတ်တယ်။ ကင်မရာတွေ တတ်ထားတတ် တယ်။ ဘယ်ဆိုင်မှာတော့ ဘယ်လို သတင်းထွက်နေတယ်၊ ဘယ်လို ကာကွယ်ရင် ရနိုင်တယ် အစရှိသဖြင့် အများနည်းတူ တန်းတူ ဗဟုသုတရှိ ထားရင် ဒီလို အဝတ်လဲခန်းထဲက ဗီဒီယို၊ သန့်စင်ခန်းထဲကဗီဒီယို၊ အခန်းထဲ က ဗီဒီယို တွေ ထွက်လာစရာ အကြောင်း မရှိပါဘူး။ ဒါကြောင့် အားလုံး တန်းတူ ဗဟုသုတ သိရှိထားရန် ဒီ ပညာပေး၊ နည်းလမ်းပေး စာလေးကို တတ်နိုင်သမျှ ဝေငှစေလိုပါတယ်။

Artigos Relacionados:
- youtube သီချင်းများကို MP3 သို့ပြောင်းပေးမည့် software
- KProxy Agent Pro (ပိတ်ထားတဲ့ Website တွေကို ကျော်ခွ ဝင်ရောက်ကြမယ်)
- Tian Jiao Root Tool
- ဆိုဒ်တွေမှာ ဓာတ်ပုံဆလိုက်ရှိုးလုပ်ချင်သူများအတွက်
- ဘောလုံးဝါသနာအိုးများအတွက်
- ဖွင့်မရတဲ့ဆိုဒ်တွေကို proxy website မသုံးဘဲဝင်ကြည်.မယ်
- လက်ပေါ်မှာရေးသောပန်းချီများ
- ကြိုက်နှစ်သက်ရာစာအုပ်များဒေါင်းနိုင်ပါပြီးဗျာ(၂)
- အဝတ်လဲခန်းနဲ့ အခန်းများတွင် လျှို့ ဝှက်ကင်မရာရှိမရှိ သိနိုင်ရန်
- ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
- ဆံပင်မွေးနှင့် အလင်းပေးသူ ဆယ်ကျော်သက် နီပေါနိုင်ငံသား
- မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ.....
- လိမ်ညာသူကိုအကဲခတ်နည်း
- ဒေါသနည်းအောင်နေနည်း
- ဘုရားရှစ်ခိုးနည်း
- ကောင်းသလားဆိုသလားပြောဖို့ ခက်ပါတယ်
- Google Play Store မှ Free Applications များကို ကွန်ပျူတာမှ တိုက်ရိုက် Download လုပ်နည်း
- New Zawgyi Flipfont
- fire fox ကို hack ခြင်းဖြင် speed ၁၀ ဆမြှင့်တင်နည်း
Subscribe to:
Post Comments (Atom)
Post a Comment
မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း