-->

မီနူး

မမုန်းရပ်တဲ့ချစ်သူ

Tuesday 19 February 2013.
ငါတို့တွေ့စ မေ့မရချင်
ရင်ပင်လယ်မှာ အလှဆုံးအပြုံး
ဖုံးအုပ်ကာထား နှလုံးသားကျွန်း
ပီတိရွှန်းဝေ အချစ်တွေပြည့် 
သောကနွေကို မေ့နေခဲ့ပါတယ်
ချစ်သူ......
တစ်ကယ် နှစ်ကယ် သုံးလေးကယ် 
ငါ့ရင်ထဲမှာမင်းရှိတယ်
တစ်ချက် နှစ်ချက် သုံးလေးချက်
ရင်ခုန်သံတွေ မင်းလေးအတွက်....
တစ်ရစ် နှစ်ရစ် သုံးလေးရစ်
ရင်မှာတွယ်ရစ် မင်းလေးရဲ့အချစ်.....
ဘယ်သူတွေဘာပဲဖြစ်ဖြစ် 
မင်းအပြုံးလှစ်ရင် ငါကျေနပ်တယ်.....
တကယ်တော့လေ ငါပျော်လို့ချစ်ခဲ့တာမဟုတ်
မင်းကိုချစ်ခွင့်ရခဲ့လို့ ငါပျော်နေခဲ့တာပါ.......
ချစ်ရင်းလွမ်း လွမ်းရင်းချစ်နဲ့
အရမ်းချစ်နေခဲ့ရတာက  မင်းလေးရဲ့ငါပါချစ်သူ......
အပြုံးဝေဖြာ အပျော်ပါဆင့် ရင်နင့်ခြင်းတေး
မရှိလေတော့ ရင်ခုန်သံလေးတွေ သိပ်လှနေချိန်
အပျော်တွေမဲ့ သေစေလောက်တဲ့ ဒဏ်ရာချစ်တာသိပြီး
သစ္စာမရှိရင် မေတ္တာဆိုတာမြောင်းထဲမှာလေ.......
အသည်းကွဲရုံနဲ့မသေနိုင်ပေမဲ့
မသေနိုင်ပဲ အသည်းကွဲနေတာ......
ပိုပြီးခံစားရပါတယ် နင့်ရင်ထဲရှိမရှိ
မသေချာခဲ့နဲ့ငါအတွက်... 
နင်ပေးခဲ့တာ အမုန်းတွေလားချစ်သူ......
တကယ်လို့များ.....
အမုန်းရဲ့တန်ပြန်သက်ရောက်မှုဟာ
အချစ်ဖြစ်ခဲ့မယ်ဆိုရင်တောင်
အချစ်တစ်ခုရဖို့အတွက်နဲ့တော့
ငါမင်းကို မမုန်းရက်နိုင်ဘူးချစ်သူ.....
ငါ့ထိုက်နဲ့ငါ့ကံပဲ ရှိပါစေတော့ချစ်သူရယ်.....
မင်းချန်ခဲ့မှာ ငါသိမှတော့ ငါကမ္ကာရဲ့
အနာဂါတ်နေ့သစ် ငါမေ့ပြစ်ဖို့မဖြစ်နိုင်ပေမဲ့
အချစ်ပြီးရင် အမုန်းဆိုတာလဲ...
ငါ့နှလုံးသားမှာ မထားရှိနိုင်လို့ ငါဘဝ
ဒီတစ်သက် အလွမ်းတွေကို တွယ်ဖတ်ရင်း
နာကျင်လွမ်းမော သောကတောမှာ
တစ်ဘ၀လုံး လျှောက်ရင်းမြောသော်
ချစ်သူရယ်မော ၀မ်းမြောက်စေ......
                                                     လွမ်းအောင်ချစ်
 
 

Comentários:

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |