-->

မီနူး

Android Setting ကိုမြန်မာလိုပြောင်မယ်

Saturday 30 March 2013.


၂၁။ မှတ်ထားဖို့က Wifi (ဥပမာ) လို့ပါတဲ့နေရာတိုင်းကို ပြောင်းရမှာမဟုတ်ပါဘူး။ အပေါ်က ပုံမှာပြထားတဲ့ နေရာမျိုးက စာလုံးမှာပဲ အစားထိုးရမှာပါ။ လေးထောင့်တုန်းလေးတွေနေရာမှာပေါ့။  ပုံကိုကြည့်မယ်ဆိုရင် လောလောဆည် ဘယ်ဘက်နားက wifi ဆိုတာလေးကို ညွှန်နေပါတယ်။ အဲလိုဆိုရင် Find next ကို ထပ်နှိပ်ပြီး ညာဘက်ခြမ်း </string> လို့ရေးထားတဲ့စာရဲ့ ရှေ့က နေရာက စာသားတွေမှာအစားထိုးရမှာပါ။ ပုံထဲက အစားမထိုးရသေးတဲ့ နေရာတစ်ခုကို ကြည့်မယ်ဆိုရင် Line no. 501 က wifi_error ဆိုတာကို တွေ့မှာပါ။ အဲဒီမှာ အစားမထိုးပဲနဲ့ အဲဒီဘေးက Error လို့ အမဲရောင်နဲ့ရေးထားတဲ့ နေရာတွေမှာပဲ အစားထိုးမှာပါ။ အဲဒီ error မှာအစားထိုးမယ်ဆိုရင် search မှာ error လို့ရိုက် Find next နဲ့ အဲဒီနေရာမရောက်မချင်း နှိပ်သွား ရောက်ရင် replace ဆိုတာကို နှိပ်ပါ။ (အစားထိုးမယ်ဆိုရင် Find next အောက်က replace ကိုနှိပ်ပါ။)
၂၂။ အဲလိုပုံစံမျိုးနဲ့ စာတွေကို replace လုပ်သွားရုံးပါပဲ။ Search နဲ့ replace မလုပ်ချင်ရင်လဲ ကိုယ့်ဘာသာအဲဒီ page မှာမဲ mouse နဲ့စာကိုထောက် delete လုပ်ပြီး ရေးထားတဲ့ စာကိုရိုက်ထည့်လိုက်ပေါ့။ (စာကတော့ အဲဒီနေရာမှာပဲရိုက်ရင် အတုန်းတွေပဲမြင်ရမှာပါ။ Newfolder အသစ်ကိုတစ်နေရာမှာလုပ်ပြီး အဲဒီ folder ကို  rename လုပ် ပြီးရင် copy ကူးထည့်၊ လဲရတာပဲနော့်:)
၂၃။ replace လုပ်လို့ပြီးသွားရင်တော့ save လုပ်ပြီး Note++ ကိုပိတ်လိုက်ပါ။
၂၄။ အဆင့် ၉ မှာ ဘေးဖယ်ထားတဲ့ software ကိုပြန်ဖွင့်ပြီး option 11 ကိုရွေးပါ။ 11 လို့ရိုက်ပြီး enter ခေါက်။
၂၅။ Building apk လို့ပေါ်နေမှာဖြစ်ပြီး ပြီးသွားရင် မေးခွန်းတစ်ခုမေးမှာဖြစ်ပါတယ်။ y ကိုရွေးပေးပါ။
၂၆။ n လို့ရွေးပြီးသွားလို့ Please make your decision ဆိုတဲ့နေရာပြန်ရောက်ရင် အဲဒီ software ကိုပိတ်ပြီး ” place-apk-here-for-modding ” ဆိုတဲ့ ဖိုဒါဆီပြန်သွားပြီး System_Setting.apk ဆိုတဲ့ ဖိုင်လေးကို System_ ဆိုတာလေးဖြုတ်ပစ်ပြီး နံမည်ကိုပြင်လိုက်ပါ။
၂၇။ ပြီးသွားရင်တော့ Setting.apk ဆိုတဲ့ဖိုင်လေးရသွားပါပြီ။
၂၈။ ဖိုင်လေးကို သွင်းရလွယ်ကူအောင် CWM flashable zip လေးပါထည့်ပေးလိုက်ပါရစေ။ CWM နဲ့ install မလုပ်ချင်ရင်လဲ Root Explorer သုံးပြီး System>app ထဲမှာ overwrite လုပ် permission ကို rw-r–r– ပြောင်းပေးပြီး ဖုန်းကို reboot ချလိုက်လဲရပါတယ်။

၂၉။ CWM flashable zip ဒေါင်းရန်

၃၀။ 7zip software ဒေါင်းရန်

၃၁။ အဆင့် ၂၈ မှာဒေါင်းလို့ရတဲ့ software ကိုကွန်ပျူတာမှာ install လုပ်ပါ။
၃၂။ အဆင့် ၂၇ မှာဒေါင်းလို့ရတဲ့ zip ကို Right click နှိပ်ပြီး 7zip ကိုရွေး Open Achieve ကိုဆက်ရွေးပေးပါ။
၃၃။ ပေါ်လာတဲ့ box လေးကနေ system>app ဖိုဒါဆီအဆင့်ဆင့်သွားပေးပါ။ app ဖိုဒါထဲက setting.apk လေးကို delete လုပ်ပါ။
၃၄။ ပြီးရင် ကိုယ်ပြင်ထားတဲ့ setting.apk ဖိုင်လေးကို အဲဒီ app ဖိုဒါထဲကို ဆွဲထည့်လိုက်ပါ။ Mouse နဲ့ဆွဲထည့်လိုက်ရုံပါပဲ။
၃၅။ ပြီးရင် အဲဒီ box လေးကို ပိတ်ပြီးတော့ zip ဖိုင်ကို sd card ထဲထည့် CWM recovery နဲ့ install လုပ်လိုက်ရင် ပြီးပါပြီ။ နောက်
နောက်ပိုင်း system ဖိုင်ထဲက app တွေကို overwrite လုပ်ရင်ပဲဖြစ်ဖြစ် system ဖိုင်ထဲကို app သွင်းချင်ရင်ပဲဖြစ်ဖြစ် အဲဒီ zip လေးထဲကို အပေါ်က အဆင့်အတိုင်း လုပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါပြီ။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပစေ။        ။
Samsung တချို့ဖုန်းတွေအတွက် မရဘူးလို့ Feedback တွေရပါတယ်။ အဲဒီဖုန်းတွေအတွက်ကတော့ အဆင့် 1 ကနေ 5 အတိုင်း framework-res.apk အပြင် twframework-res.apk ဆိုတဲ့ file ကိုပါ တပါတည်း install လုပ်ကြည့်စေချင်ပါတယ်။

Comentários:

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |