-->

မီနူး

ရင်ခုန်သံမတူသူတွေ ဘေးဖယ်

Friday, 12 July 2013.
ငါဟာနေမှား ပွင့်ခဲ့တဲ့ပန်း
ဘယ်သူမှ စိတ်ကူးနဲ့တောင် မနမ်းချင်ကြဘူး..
တစ်ခါတစ်လေ
ဆာလောင်မှုတွေနဲ့မိတ်ဖွဲ့
ချစ်ခြင်းတရားဆိုတာ ငါ့အတွက်
သစ္စာဆိုတာထက်တောင်ရှားတယ်
အဆိပ်တစ်ခွက်မဟုတ်ပါဘူး
ကိုယ့်အတိတ်ကို ကိုယ် ပြန်ရုတ်သိမ်းဖို့
မသိမသာလေးတိတ်ဆိတ် နေခဲ့သူပါ
လောကဒဏ်တွေရဲ့
လက်ကြီးလက်ငယ်တွေကြား
အရသာတွေခါးသွားခဲ့တယ်ဆိုရင်
ငါကိုယ်တိုင်ပဲမော့ သောက်ပြစ်လိုက်ချင်ပါရဲ့
နေပါစေလေ
ငါ့လက်တွေလေဟာနယ်မှာပဲ ကျက်စား
လက်တွဲဖော်ဆိုတာတွေကို
နှလုံးသားထဲထည့်ထားလို့ မရမဲ့အတူတူ
ငါ့ ၀ိညာဉ် ငါကိုယ်တိုင်ပြန်ထူမယ်
ရင်ခုန်သံမတူသူတွေအားလုံးဘေးဖယ်

                                                                  လွမ်းအောင်ချစ်  

1 Comentário:

sitekuuyinkabar said...

မှတ်ချက်တွေ မဖတ်ရတာ ကြာနေပီဗျာ။မှတ်ချက်လေးတွေ စောင့်မျှော်နေပါတယ် ဂျာ.....မန်ဘာဝင်ပီးအားပေးကြပါနော်.....

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |