-->

မီနူး

ချစ်သူရဲ့ရင်ခုန်သံ

Tuesday 16 July 2013.

ရင်ခွင်က အရိုင်းဆန်နေတော့ ရင်ခုန်သံ ခပ်ဆန်းဆန်းကို နားလည်ဖို့ကြိုးစားရင်း ခပ်တန်းတန်းနေခဲ့ ဖူးတဲ့ လောကကြီးကိုတောင် ကဗျာတစ်ပုဒ် လုပ်လိုက်ချင်တယ်။

ခပ်လေးလေး သွားနေတဲ့  နာရီလက်တံတွေ သူတို့ရဲ့ ရွေ့လျားမှုတိုင်းမှာ အိမ်မက်တွေကို ရင်းနှီးထားခဲ့တယ်။ အလှမ်းဝေးတဲ့ ရက်စွဲတွေ ရင်ဘက်ကို တဖြည်းဖြည်းရိုက် ခတ်လို့ နှလုံးသားလေးလည်း မော ဟိုက်နေပါပြီ။ ကောင်ကင်ကြီးကတော့ ကိုယ့် အစားငိုးကြွေးလို့ ဒလိမ့်ခေါက်ကွေး ကျဆင်းလာတဲ့ မိုးစက်တွေရဲ့ ငိုသံတွေဟာ ကျယ်လောင်နေတယ်။ ဘာမှမမက်မောပါဘူးကွယ်......။ မနက်ဖြန်ရဲ့ နေ့သစ်တိုင်းမှာ                  အပြစ်ကင်းစင်တဲ့ . ချစ်သူရဲ့ ရင်ခုန်သံကိုသာ   နားထောင်ချင်မိတော့တယ်ကွယ်။

Comentários:

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |