-->

မီနူး

ခွင့်လွှတ်ပါအမေ

Thursday 25 July 2013.
အဆုံးမရှိတဲ့ အမေ့မေတ္တာ
နှိုင်းတုလို့မရတဲ့ အမေ့အကြင်နာ
ဖြူစင်တဲ့ အမေ့ရဲ့စေတနာတွေနဲ့
ဘ၀ဆိုတဲ့လမ်းကြီးကို
သားလျှောက်လှမ်းနေပြီအမေ.....။
အားလုံးနဲ့ဝေးခဲ့ရတာ
မှတ်မိသေးတယ် အမေရယ်...
အမေ့ ကို သားကတော့လို့
နှုတ်ဆက်ချိန်မှာ
သားရဲ့ပါးလေးကိုနမ်း
လက်ကလေးကိုရမ်းလို့
လွမ်းမျက်ရည်တွေနဲ့
အမေ့ရဲ့အားပေးစကားသံတွေ
အားမန်အပြည့်နဲ့
ကြိုးစားစမ်းပါသားရယ်တဲ့....။
အမေ့ရဲ့သား
အမေ့ရဲ့စကားသံတွေ
ပြန်လည်ကြားယောင်
နားထောင်နေပါတယ်အမေရယ်....
မွေးမြေရပ်ခြား တိုင်းတစ်ပါးမှာ
စိတ်အလိုလိုက် သားမမိုက်ပါဘူး
ဇာတိချက်ကြွေ အမိမြေကို
ရင်ဝယ်တမ်းတ လွမ်းလှပါပြီ
ရက်လနှစ်တွေကြာခဲ့ပေမဲ့
ဘသအတွက်ခရီးဆက်ဖို့
ပြန်မလာသေးတာ
ခွင့်လွှတ် နားလည်ပေးပါ
အမေရယ်......။
                                                                             ဝေးတစ်မြေမှသား သတိရခြင်းများစွာဖြင့်


Comentários:

Post a Comment

မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Related Posts Plugin for WordPress, Blogger...
 
ခေတ်သစ်မြို့တော် © မှနွေးထွေးစွာကြိုဆိုပါ၏။ |အမှားအယွင်း၊အခက်အခဲ တစ်စုံတစ်ရာတွေ့ရှိပါက သီးခံနားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ |