ကျိန်စာ
သူ့နှုတ်ခမ်းက အနမ်းတစ်ခါ
ပန်းတစ်ရာကိုပွင့်စေလည်း
သူ့စကားက မုသားလိမ်းကျံ
ပန်းစိမ်းကိုမှ ပန်ခဲ့တယ်...
အနားမှာရှိပြီး အကြည့်တွေမှာ
ခိုလှုံသူရယ်.....
ရင်မှာတစ်ခဏနဲ့ အစဉ်ထာဝရ
ဖြစ်ခဲ့သူရယ်....
ရက်ရှည်နွမ်းမဲ့ မျက်ရည်ခန်းကို
ဘယ်သူကလွမ်းချင်မှာလဲ
သေကွဲကွဲသူတို့ရဲ့ မျက်ရည်က
ပထ၀ီမြေမှာစွန်းခဲ့သလို
ရှင်ခွဲကွဲသူတို့ရဲ့ ကျိန်စာကိုလည်း
အချိန်ခါရောက်မှ
ဖတ်ရလိမ့်မယ်....
လွမ်းအောင်ချစ်
Subscribe to:
Post Comments (Atom)
Comentários:
Post a Comment
မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း