ဗေဒင်
သင်သည်ကိစ္စတစ်ခုကို သိလို၍ ဗေဒင် မေးမြန်းလိုသည်ဆိုပါစို့.....
(၁)သင်မေးလိုသောမေးခွန်းကို လေးလေးနက်နက် အာရုံပြုပါ။
(၂)ခဲတံအချွန်/တုတ်ချွန်ဖြင့်ဖြစ်စေ ကံဇယားတွင် မျက်စိမှိတ်ပြီးထောက်ပါ။
(၃)ကျရာစာလုံးကိုမှတ်ကာ ဟောချက်တွင်ဖတ်ပါ။
(၄)ဖော်ပြထားသော ယတြာကိုလည်း လေးလေးနက်နက်လုပ်ပါ။
(၅)မေးခွန်းတစ်ခုတည်းကို အကြိမ်ကြိမ်ထပ်၍မေးမရပါ၊ထပ်၍မေးလျှင် မှန်မည်မဟုတ်ပါ။
(၆)"သင်-မေး-ရန်-မ-ဟုတ်-ရပ်-လိုက်-ပါ-တော့" ဆိုသောစားလုံးတစ်လုံးလုံးကို ထောက်မိပါက ယနေ့အဖို့ ထပ်၍မမေးပါနဲ့တော့။နောက်နေ့တွင် ဘုရားဝတ်ပြုဆုတောင်းပြီး မှ ဆက်၍မေးပါ။
မှတ်ချက်။ ။အပျင်းပြေလုပ်ရန်မဟုတ်ပါ၊သစ္စာရှိပါ၊အရေးရှိလျှင် သင့်အတွက် တိုင်ပင်ဖော် တိုင်ပင်ဖက် အဖြစ်အသုံးပြုရန် ရှေ့ဟောင်းဟိန္ဒူနည်းကို မြန်မာနှင့်တိုက်အောင် စီမံပေးထားခြင်းဖြစ်သည်၊စေတနာကိုနားလည်ပါလေ။
ဆရာကြီးမင်းသိင်္ခ
ဇယား....
ပုံမှာ စားလုံးတွေ မရှင်းရင် အောက်မှာရေးပေးထားပါတယ်နော်
အောင်၊စစ်၊မူ၊ထူ၊မူ၊ထူ၊မူ၊ထူ၊ကြီး(နံပါတ် ၁ လိုင်း)
ကြီး၊သင်၊လံ၊လံ၊မေး၊သူ၊သူ၊ရန်၊အောင် (နံပါတ် ၂ လိုင်း)
ထူ၊အောင်၊သူ၊ကြီး၊စစ်၊အောင်၊လံ၊မူ၊စစ် (နံပါတ် ၃ လိုင်း)
ကြီး၊လံ၊သူ၊အောင်၊စစ်၊မူ၊လံ၊သူ၊အောင် (နံပါတ် ၄ လိုင်း)
စစ်၊ပါ၊မူ၊ကြီး၊တော့၊လံ၊မူ၊မ၊ထူ (နံပါတ် ၅ လိုင်း)
အောင်၊ကြီး၊ထူ၊ထူ၊အောင်၊သူ၊စစ်၊လံ၊ကြီး(နံပါတ် ၆ လိုင်း)
ထူ၊ကြီး၊လံ၊အောင်၊စစ်၊မူ၊သူ၊အောင်၊စစ်(နံပါတ် ၇ လိုင်း)
အောင်၊လိုက်၊စစ်၊ကြီး၊ရပ်၊လံ၊ထူ၊ဟုတ်၊ကြီး(နံပါတ် ၈ လိုင်း)
သူ၊ထူ၊မူ၊ထူ၊အောင်၊သူ၊မူ၊သူ၊လံ(နံပါတ် ၉ လိုင်း)
မှတ်ချက်။ ။မိမိထောက်လို့ရသော စာလုံးအားမှတ်၍နောက် post တစ်ခုတွင်ဖတ်ပါ။

Subscribe to:
Post Comments (Atom)
Comentários:
Post a Comment
မှတ်ချက်တစ်ခုအား အားဆေးတစ်ခုပါ။မှတ်ချက်များကိုစောင့်မျှော်ရင်း၊မှတ်ချက်ပေးမှုကိုအထူးကျေးဇူးတင်ရှိပါကြောင်း